ဥပဒေမဲ့ ဖမ်းဆီးခြင်းမှ ပြန်လွတ်လာသည့် NLD အဖွဲ့ဝင် လယ်သမားနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ခွန်ရာဇာ (တောင်ကြီး) | မေလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လက်အောက်ခံ ပြည်သူ့စစ်မှ မေလ ၁၄ ရက်နေ့တွင် ပင်ကွဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လယ်သမား နှစ်ဦးဖြစ်သည့် ဦးတဟန်နှင့် ဦးတကျော်အား ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းပြီး မေလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်လွတ်ပေးပြီး ည ၆ နာရီတွင် တွေ့ဆုံမေးမြန်းခဲ့သည်။

မောက်စံရွာရှိ NLD ရုံးတွင် PNO ပြည်သူ့စစ်များ ၀ိုင်းရံ

ခွန်နဂါးဗွာ (တောင်ကြီး) | မေလ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ မောက်စံရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးအဖွဲ့မှ အကြောက်တရားမရှိအောင် အားပေးဟောပြောပြီးရာမှ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အင်အား ၃၀ ခန့်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ပြည်သူ့စစ်များက မောင်စံရွာရှိ NLD ပါတီရုံးကို ၀ိုင်းရံထားလိုက်ကြောင်း သိရသည်။

အမျိုးသားဖွံ့ဖြိုးရေး အသုံးမပြုသည့်အတွက် မတရားသိမ်းထားတဲ့မြေ ပိုင်ရှင်များဝင်ရောက်လုပ်ကိုင်

ခွန်ရာဇာ (တောင်ကြီး) | မေလ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့အစည်းမှ စံပြစိုက်ပျိုးရေးကွင်းအဖြစ် မတရားသိမ်းဆည်းထားသော တောင်ကြီး-ဖက်ကွန် လမ်းမဘေးရှိ မြေယာများကို မေလ ၁၅ ရက်နေ့တွင် မြေသိမ်းခံရသူ ဒေသခံရွာသားများ ၀င်ရောက်လုပ်ကိုင် ထွန်ယက်နေပြီဖြစ်ကြောင်း  စုံစမ်းသိရှိရသည်။
         

ရခိုင်အရေးအခင်းမှသည် ဗမာပြည်အရေးအခင်းနိဒါန်း

ခိုင်လင်း (မေဃ၀တီ) | မေလ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရိုဟင်ဂျာနာမည်ကို ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ် ဆိုတဲ့အပေါ်မှာ ရပ်နေခြင်းဟာ ပြဿနာရဲ့ အဖြေမဟုတ်ဘူး။ ပြဿနာရဲ့ ”ရင်းမြစ်” ဖြစ်တယ်ဆိုတာ ထောက်ပြခဲ့ဖူးတယ်။ ရိုဟင်ဂျာနာမည်ကို စွန့်လွှတ်ပြီး ဘင်္ဂလီအဖြစ် ရပ်တည်ကာ နိုင်ငံသားဖြစ်ရေး၊ ထိုမှတဆင့် နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်တွေအပေါ်မှာ
ရပ်နေကြမယ်ဆိုရင် ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပွားစရာ မရှိဘူးလို့မြင်တယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဆုံးဖြတ်မှုကြောင့် ခြံပိုင်ရှင်များအသက်မွေးဝမ်းကြောင်းနစ်နာခဲ့ရ

ခွန်သာယာ (ဆီဆိုင်) | မေလ ၁၂ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအနောက်ဘက် တောင်စောင်းပေါ်တွင်ရှိသော တောင်ယာခြံများကို ၁၉၉၂ ခုနှစ်က ၄င်းကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး၏ မျှတမှုမရှိသော ဆုံးဖြတ်ချက်ကြောင့် ခြံမြေပိုင်ရှင် ဒေသခံရွာသားများအပေါ် များစွာနစ်နာစေခဲ့ကြောင်း ဖေဖော်ဝါရီ ခြံပိုင်ရှင်ရွှာသားများက ဆိုသည်။

တောင်ကြီးမြို့တွင် ၀က်လိုင်စင်ကိုင်ဆောင်ပြီး ဘီးခွန်ကောက်


နှင်းသစ္စာ (TGI) | မေလ ၁၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောာင်ကြီးမြို့မြောက်ဘက်ရှိ ကျေးရွာများမှ မြို့အ၀င်တွင် ဂိတ်ဆောက်လုပ်ပြီး ယာဉ်စီး၍ ဖြတ်သန်းသွားလာသူများကို ဘီးခွန်ကောက်သည်ဟု ဖြတ်သွားဖြတ်လာသူ ဒေသခံများက ပြောသည်။

စရဖအဖွဲ့မှ ညောင်ရွှေတွင် တန်ဖိုးငွေ ကျပ် (၃၂၂) သိန်းရှိ ဘိန်းမဲများ ဖမ်းဆီး

ဖိုးဇေ | မေလ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ညောင်ရွှေမြို့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) အဖွဲ့သည် တောင်ကြီးမြို့ရှိ ၄င်းတို့ဌာနချုပ်၏ အမိန့်အရ (၈-၅-၂၀၁၃) ရက်နေ့ ညနေ (၆) နာရီခန့်တွင် မူယစ်ဆေးဝါးများ သယ်ဆောင်မည် ဟူသောသတင်းအရ ညောင်ရွှေမြို့ စက်လှေဆိပ်တွင် စောင့်ဆိုင်းကာ ဘိန်းမဲများ တွေ့ရှိဖမ်းဆီးခဲ့ရကြောင်း သိရသည်။

မြေယာမှုခင်းဖြေရှင်းပေးမည်ဆိုပြီးရက်ရွှေ့မှု မြေသိမ်းခံရသူဒေသခံများ မကျေမနပ်ဖြစ်

မေလ 9 ရက်၊ 2013 ခု | တောင်ကြီးတိုင်းမ်

နမ်းဟူးကျေးရွာအုပ်စုပလီလင်းရွာတွင်ဖြစ်ပွားသော မြေယာမှုခင်းကိုဖြေရှင်းပေးမည်ဆိုပြီးမြေယာ ပိုင်ရှင်နှင့် မြေယာလွဲခံရသူတို့တက်ရောက်သော်လည်း မြေယာကော်မတီမစုံ၍ မေလ ၁၄ ရက်တွင်ထပ်မံ ရွှေ့သွားကြောင်း မြေသိမ်းခံရသူဒေသခံများကပြောသည်။

စာမူနှစ်ခုနဲ့ ပအိုဝ်းစာပေ ဘယ်လဲ

By ခွန်မင်းနိုင် | အမြင်ဆောင်းပါး

လူမျိုးတစ်မျိုး၏ အသက်ကာ စာပေဖြစ်သလို စာပေတိုးတက်မှ လူမျိုးတိုးတက်နိုင်မှာ ဖြစ်ပါသည်။ စာပေသည် အလင်းရောင်ကိုဆောင်သလို ညီညွှတ်မှုနှင့် အပြန်အလှန် ဆက်နွယ်ပေါင်းကူးမှုကိုပါ ဖော်ဆောင်စေပါသည်။ ထို့အတူ ပအိုဝ်းအမျိုးသားတို့၏ စာပေကာ ပအိုဝ်းစာဖြစ်သလို၊ ပအိုဝ်းစာသင်ကြားရေး၊ ပအိုဝ်းစကား ပြောဆို ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်မှသာ ပအိုဝ်းစာပေထွန်းကားလာမှာ ဖြစ်ပါသည်။ 

ဟိုပုံးတွင် ဒီမိုပအိုဝ်းလူငယ်အဖွဲ့မှ လူ့ဂုဏ်သိက္ခာမြင့်တင်ရေးသင်တန်းဖွင့်

By ခွန်ရာဇာ (တောင်ကြီး) | မေလ ၇ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဒီမိုပအိုဝ်းလူငယ်အဖွဲ့မှ ဦးစီး၍ လူ့ဂုဏ်သိက္ခာမြင့်တင်ရေးသင်တန်းကို မေလ ၁ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု နမ်းဟူးဘုန်ကြီးကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နောင်မွန်ကျေးရွာ ရန်ပုံငွေကောက်ခံခြင်း တရားမျှတမှုမရှိဟု ဒေသခံကဆို

ခွန်ရာဇာ (တောင်ကြီး) | မေလ ၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တစ်ပတ်တစ်ကြိမ် ဈေးနေ့ဖြစ်သော ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာတွင် ဘီးခွန်နှင့်မီးသတ်တပ်ဖွဲ့ ရန်ပုံငွေကောက်ခံမှု၌ ဌာနတံဆိပ်နှင့်ပြေစာမပါဘဲ ကောက်ခံနေမှုကို တရားမျှတမှုမရှိဟု မေလ ၄ ရက်နေ့တွင် နောင်မွန်ဒေသခံများက ဆိုသည်။

စစ်စံထွန်းဆေးရုံကြီးတွင် ရန်ပုံငွေအကြောင်းပြပြီး ယဉ်ရပ်နားခ ကောက်ခံ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပြုပြင်ပြောင်းလဲရေးကာလတွင် တောင်ကြီးမြို့၊ စစ်စံထွန်းဆေးရုံကြီး၌ ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဟု အကြောင်းပြပြီး၊ လူနာလာလည်သောဧည့်သည်ယာဉ်များကို ယာဉ်ရပ်နားခ အခွန်ကောက်ခံနေကြောင်း၊ ဧပြီ ၃၀ ရက်တွင် လူနာလာကြည့်သောဧည့်သည် ခွန်ခမ်းကောင်က ပြောသည်။

ကလောမြို့ ပလောင်ရွာများတွင် လေမုန်းတိုင်းတိုက်၍ လူ (၅၀) ကျော်သေဆုံး

၂ ရက် မေ ၂၀၁၃ ခုနှစ်

မေ ၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ညောင်ကုန်းရွာ (ပလောင်ရွာ) တွင် လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချသောကြောင့် လူနေအိမ် (၄၇) လုံးပျက်စီးပြီး တောင်ပါတ်ရွာတွင်လည်း အနည်းဆုံး (၅၀) ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။

မြေယာမှုခင်းဖြေရှင်းခြင်းမရှိ၍ မြေယာပိုင်ရှင် ၀င်ရောက်လုပ်ကိုင်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၃၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ ပလီလင်းရွာတွင် နိုင်ငံတော် ကြက်ဆူစီမံကိန်းအတွက် မတရားသိမ်းဆည်းထား သောမြေအား အကောင်ထည်ဖော်ခြင်းမရှိဘဲ ပုဂ္ဂလိကသို့ လွဲပေးလိုက်ခြင်းဖြစ်ပြီး မြေယာပိုင်ရှင်များ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တင်ပြခြင်းကို ဖြေရှင်းပေးခြင်းမရှိသည့်အတွက် မြေပိုင်ရှင်များ ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။

အောင်ပန်းနှင့် ဟဲဟိုးအကြားတွင် စိုင်းဗိုလ်ဟိန်းဆိုင်းအဖွဲ့စီးနင်းလာသောကား တိမ်းမှောက်မှုဖြစ်ပွား

By ဖိုးဇေ | ဧပြီလ ၂၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့အကြားတွင် ၂၀၁၃ ခု ဧပြီလ (၂၀) ရက်နေ့ ညပိုင်း တွင် ဆိုင်းအဖွဲ့သားများ တင်ဆောင်လာသည့် ဒိုင်နာကားတစ်စီး ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။