RCSS/SSA ပိုင် Tai Freedom စာမျက်နှာမှ လူမျှိုးမုန်းတီးမှုဖန်တီးတဲ့ သတင်းအလိမ်အညှာတင်ပြ

ဒီဇင်ဘာ ၁၄ ရက် ၂၀၁၈ ခု ရက်စွဲဖြင့် RCSS/SSA ပိုင် Tai Freedom စာမျက်နှာမှာတင်တဲ့ ဆီဆိုင်မြို့နယ်အတွင်း ရှမ်းကျောင်းသူ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန် သတင်းအလိမ်အညာဖြစ်ကြောင်း သိစေလိုပါတယ်။ ယခုလိုလုပ်ကြံသတင်းတွေဟာ လူမျိုးရေးမုန်းတီးမှုကို ရည်ရွယ်ရှိရှိနဲ့ သမြင်ဖန်တီးနေပါတယ်။ RCSS/SSA အနေနဲ့ ဤကဲ့သို့ မဟုတ်မမှန်တဲ့သတင်းတွေ လုပ်ကြံဖန်တီးထားတာတွေဟာ အထူးရှောင်ရှားသင့်ပါတယ်။

Tai Freedom တင်တာက ပအိုဝ်းကျေးရွာသားတွေက ရှမ်းကျောင်းသူ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ လုပ်ကြံလိမ်ညာထားတဲ့သတင်းအလိမ်ကို တကယ်ဖြစ်ခဲ့သယောင် အဖေဖြစ်တဲ့စိုင်းထွန်းကို တွေ့ဆုံမေးမြန်းတဲ့ ဗွီဒီဖိုင်လေး သက်သေအဖြစ်တင်ထားပါတယ်။

သို့သော်လည်း အသတ်ခံရတယ်ဆိုတဲ့ စိုင်းထွန်းသမီးဖြစ်သူက သူ့မကိုမည်သူတဦးတယောက်မှ လာရောက်သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်းနှင့် စိုင်းထွန်း၏အမျိုးသမီးမှလည်း သူမ၏သမီးကို tai freedom မှ တင်ပြသလို သတ်ဖြတ်ခံရမှုမရှိခဲ့ကြောင်း ဗွီဒီယိုဖိုင်နှင့်တကွ facebook စာမျက်နှာတစ်ခုမှာ သက်သေနှင့်တကွ တင်ပြတာကိုတွေ့ရတယ်။

ဗွီဒီယိုဖိုင်နှစ်ခုလုံးတင်ထားကို ယှဉ်ကြည့်နိုင်အောင် ထပ်မံဝေငှလိုက်ပါတယ်။ https://www.facebook.com/ven.pandicca/posts/1834212553371674

Tai Freedom စာမျက်နှာမှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအလိမ်အညာကို ဖတ်ရှုရန် အောက်ပါလင့်ကို သွားရောက်နိုင်ပါတယ်။ http://taifreedom.com/…/2014-05-2…/1563-2018-12-14-08-25-57…